ဝိုင်သောက်ခြင်းရဲ့ ကောင်းကျိုးများ
ကျန်းမာချင် သလား? တစ်နေ့ကို ဝိုင် တစ်ခွက်သောက်ပေးပါ ဆိုတဲ့ အဆိုအမိန့် ဘာကြောင့် ဖြစ်လာရတာလဲလို့ တွေးနေလား? အတွေးကို ခဏရပ်လို့ ဆောင်းပါးလေး ဖတ်ရင်း အဖြေထုတ်လိုက်တော့လေ။
ဝိုင် ဆိုရာဝယ်
ဝိုင်ဆိုတာက လူကြိုက်များတဲ့ အယ်လ်ကိုဟော်ပါဝင်နေတဲ့ သောက်စရာတစ်မျိုးပါ။ ကဇော်ဖောက်ထားတဲ့ စပျစ်သီး ဖျော်ရည် တစ်မျိုးပေါ့။ မက်မန်းဝိုင်၊ ပန်းသီးဝိုင်၊ ခရမ်ဘယ်ရီဝိုင်တွေ ရှိပေမယ့် ဝိုင်ရဲ့ အစပြုမှုကတော့ စပျစ်ဝိုင်ပါ။ စပျစ်သီး အခွံကိုပါ အချဉ်ဖောက်ပြီး နှစ်ချီအောင် စိမ်ထားတဲ့ ဝိုင်ကို လူကြိုက်များပါတယ်။
ဝိုင်မှာ ဘာတွေပါ
ဝိုင်ဆိုတဲ့ သောက်စရာလေးမှာ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ သကြားဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။
ဝိုင်သောက်ခြင်း ကောင်းကျိုး
အမျိုးသား၊ အမျိုးသမီး မရွေးသဘောကျကျတဲ့ ဝိုင်က ဇိမ်ခံသောက်စရာထက်ပိုပြီး ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်ပါတယ်ဆိုတာ သိထားပြီးတော့ ဖြစ်ကြမှာပါ။ တိတိကျကျလေး သိနိုင်ဖို့တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။
- အသားလှစေတယ်
အင်ဒီအောက်ဆီးဒင့် ကြွယ်ဝတဲ့ ဝိုင်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးသလို၊ အသားအရေ တင်းရင်းကြည်လင်စေဖို့ လုပ်ဆောင်ပေးပါတယ်။
- သွေးတွင်းအဆီ ကျဆင်းစေတယ်
မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ ဝိုင်အနီကို သင့်တင့်တဲ့ ပမာဏ သောက်သုံးပေးတာက သွေးထဲက ကျန်းမာရေးထိခိုက်စေတဲ့ အဆီတွေ ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးထဲက မကောင်းတဲ့အဆီတွေ ကျစေချင်ရင် ဝိုင်သောက်ပေးပါ။
- နှလုံးကျန်းမာစေတယ်
သွေးထဲက မကောင်းတဲ့အဆီတွေ ကျစေချင်ရင် ဝိုင်သောက်ပေးရတယ်ဆိုတဲ့ စကားအတိုင်းပဲ ဝိုင်က သွေးတွင်းအဆီ နည်းစေပြီး နှလုံး ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ သွေးကြောတွေကို ကျန်းမာစသလို သွေးခဲတာလိုမျိုး မဖြစ်စေဖို့လည်း အားဖြည့်ပေးပါတယ်။
- သွေးတွင်းအချို ထိန်းပေးတယ်
စပျစ်သီး အခွံမှာပါတဲ့ Resveratrolက သွေးတွင်းအချိုဓာတ်ကို ထိန်းပေပါတယ်။ သွေးချိုများတတ်သူတွေ တစ်နေ့ကို ဝိုင်အနီ တစ်ခွက်သောက်ပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းပါ။
- ကင်ဆာခံစားရနိုင်ခြေ လျှော့ချပေးတယ်
ဝိုင်အနီကို သင့်တင့်တဲ့ ပမာဏ သောက်သုံးပေးတာက ရင်သားကင်တာ၊ ဆီးကျိတ်ကင်တာ၊ အူမကြီး ကင်ဆာ၊ သားဥအိမ်ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ ပရိုတင်းကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝိုင်အနီက ကင်ဆာ ကာကွယ်ပေးနိုင်တာပါ။
- အအေးမိ သက်သာတယ်
အင်ဒီအောက်ဆီးဒင့်တွေ ပါဝင်နေတဲ့ ဝိုင်အနီက ကိုယ်ခံအားကို အားဖြည့်ပေးသလို ဖျားနာမှုတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ အအေးမိဖျားနာတာမျိုး မဖြစ်စေဖို့ဆိုရင် တစ်နေ့ကို ဝိုင်တစ်ခွက်လောက် သောက်ပေးပေါ့။
- မှတ်ဉာဏ် ကောင်းစေတယ်
ဝိုင်အနီသောက်တာက မှတ်ဉာဏ်ကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ ဝိုင်အနီ သောက်ပေးတာက အယ်လ်ဇိုင်ါ်မား မဖြစ်အောင် ကာကွယ်ပေးသလို မှတ်မိနိုင်စွမ်းကောင်းစေဖို့လည်း အားဖြည့်ပေးပါတယ်။ အများကြီး မသောက်ဖို့တော့ သတိပေးချင်ပါတယ်။
- ဝိတ်ကျစေတယ်
ဝိုင်အနီကို အလွန်အကျွံ မဟုတ်ဘဲ ဆေးဖြစ်ဝါးဖြစ် သောက်တာက ကိုယ်အလေးချိန်ကျစေဖို့ အားဖြည့်ပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းချင်တယ်ဆိုရင် အခြားသော သောက်စရာတွေအစား ဝိုင်ကိုပဲ ရွေးချယ်ပေးပါ။
ဒါတွေအပြင ဝိုင်သောက်တာက စိတ်ဓာတ်ကျတာကို ကာကွယ်ပေးပြီး အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ရော ဆီးချိုကာကွယ်ဖို့ရော၊ အရိုးတွေ သန်မာစေဖို့ရော အားဖြည့်ပေးပါသေးတယ်။ အမြင်အာရုံ ကျန်းမာစေဖို့ရော အသက်ရှည် ကျန်းမာစေဖို့ပါ ဝိုင်ကို သောက်ပေးလို့ ရပါတယ်။
မွန်မွန်